Skip to main content

NAT Exemption ဆိုတာဘာလဲ?




Dynamic NAT PAT Configuration on Cisco ASA Firewall for Internet Access


Private Network မှ Public Internet သို့ Internet ချိတ်ဆက်ရန် အတွက်သာဆိုလျှင် NAT Router တွင် NAT Exemption လုပ်ရန်မလိုသော်လည်း NAT Router ၏ Outside ဘက်အခြမ်းတွင် VPN Tunnel ဖြင်ချိတ်ဆက်ထားသော Private Network တစ်ခုရှိနေလျှင် NAT Exemption ကိုမဖြစ်မနေပြုလုပ်ပေးရမည်ဖြစ်သည်။
ဥပမာအနေဖြင့် Cisco ASA Firewall တစ်လုံးတွင် Firewall ၏ Inside ဘက်မှ 172.20.1.0/24 Network မှ Internet Access ရရန်အတွက် Dynamic NAT PAT ကို Configure ပြုလုပ်ပေးရမှာ ဖြစ်ပါတယ်။ သို့ရာတွင် ၎င်း NAT Policy သည် မည်သည့် IP Packet ကို NAT Translation ပြုလုပ်ရမလဲဆိုတာကို Firewall ဆီသို့ ဝင်လာသော Packet ၏ Source IP ကိုသာ ကြည့်မှာ ဖြစ်ပါတယ်။



NAT and NAT Exemption Configuration for both internet access and branch office access

 


NAT Exemption ဆိုတာဘာလဲ?

NAT Exemption ဆိုသည်မှ IP Packet တစ်ခုသည် NAT Router ကိုဖြတ်သွားသောအခါ Network Address များ (Source-IP, Destination IP) ကိုအခြား IP Address တစ်ခုသို့ ပြောင်းလဲမသွားစေရန် Configure ပြုလုပ်ထားခြင်းသာ ဖြစ်ပါတယ်။
NAT Exemption ဆိုတာနားလည်ဖို့အတွက် ပထမဦးစွာ NAT ကိုအခြေခံအားဖြင့် နားလည်ထားဖို့လိုပါမယ်။ NAT သည် Network Address Translation ဖြစ်ပြီး IETF မှ သတ်မှတ်ပြဌာန်းပေးထားသော Standard တစ်ခုလည်းဖြစ်ပါတယ်။
Network တစ်ခုတွင် Public IP Address တစ်ခု (သို့) Public IP address ပမာဏအနည်းငယ်ရှိယုံမျှဖြင့် Private Network ထဲရှိ user ပေါင်းများစွာသည် NAT ကိုသုံးခြင်းအားဖြင့် Public Internet သို့ ရောက်ရှိနိုင်မည် ဖြစ်သည်။ Router တွင် NAT Function ကိုအသုံးပြုလိုက်သောအခါ IP Packet များ၏ Private Source IP ကို Public IP Address တစ်ခုသို့ ပြောင်းလဲလိုက်ခြင်းအားဖြင့် Internet သို့ရောက်ရှိနိုင်မည်ဖြစ်သည်။
ထိုကဲ့သို့ NAT Service ကိုများသောအားဖြင့် Router, Firewall, NAT Server စသည်တို့တွင် configure ပြုလုပ်၍ သုံးနိုင်မည် ဖြစ်မည်။


Private Network မှ Public Internet သို့ Internet ချိတ်ဆက်ရန် အတွက်သာဆိုလျှင် NAT Router တွင် NAT Exemption လုပ်ရန်မလိုသော်လည်း NAT Router Outside ဘက်အခြမ်းတွင် VPN Tunnel ဖြင်ချိတ်ဆက်ထားသော Private Network တစ်ခုရှိနေလျှင် NAT Exemption ကိုမဖြစ်မနေပြုလုပ်ပေးရမည်ဖြစ်သည်။
ဥပမာအနေဖြင့် Cisco ASA Firewall တစ်လုံးတွင် Firewall Inside ဘက်မှ 172.20.1.0/24 Network မှ Internet Access ရရန်အတွက် Dynamic NAT PAT ကို Configure ပြုလုပ်ပေးရမှာ ဖြစ်ပါတယ်။ သို့ရာတွင် ၎င်း NAT Policy သည် မည်သည့် IP Packet ကို NAT Translation ပြုလုပ်ရမလဲဆိုတာကို Firewall ဆီသို့ ဝင်လာသော Packet Source IP ကိုသာ ကြည့်မှာ ဖြစ်ပါတယ်။



အကယ်၍ ASA Firewall တွင် 172.20.1.0/24 network Internet Access ရရန်အတွက်သာ Dynamic NAT PAT ကို configure ပြုလုပ်ပြီး 172.20.1.0/24 subnet မှ Branch Office 1 သို့သွားသော Traffic များကို NAT Exemption မလုပ်ခဲ့ပါက 172.20.1.0/24 subnet မှ Branch Office 1 သို့ သွားသော Packet များကို NAT Translation ပြုလုပ်လိုက်သဖြင့် Connection Error များတွေ့ကြုံရမှာ ဖြစ်ပါတယ်။
အကယ်၍ ထိုအခြေအနေတွင် Firewall တွင် NAT Exemption ကိုပြလုပ်လိုက်မယ်ဆိုရင်တော့ 172.20.1.0/24 subnet မှာရှိနေတဲ users များ Internet Access ရနေတဲ့အချိန်မှာပဲ branch1 office ဆီကိုလည်း vpn tunnel ပေါ်မှတဆင့် ရောက်ရှိနိုင်မှာဖြစ်ပါတယ်။



Comments

Popular Posts

DMVPN ( Dynamic Multipoint Virtual Private Network ) Part-1

DMVPN ( Dynamic Multipoint Virtual Private Network ) သို့မဟုတ် Flexible Dynamic Mesh VPN DMVPN ဟာ Multipoint Overlay VPN Network တည်ဆောက်တဲ့နေရာမှာ အသုံးပြုတဲ့ နည်းပညာတစ်ခုပဲ ဖြစ်ပါတယ်။ Cisco IOS ကိုအခြေခံသော Router များ၊ Huawei router များနှင့် Unix-like OS များမှာ ၄င်း DMVPN နည်းပညာကို အသုံးပြုနိုင်ရန် အထောက်အပံ့တွေပေးပါတယ်။ ဘာကြောင့် DMVPN လို့ခေါ်ဆိုရတာလဲ ? DMVPN network ဟာစတင်တည်ဆောက်တဲ့အချိန်မှာ သူ့ရဲ့ topology ဟာ hub and spoke design ဖြစ်ပါတယ်။ဆိုလိုချင်တာက spoke router တစ်လုံးချင်းစီဟာ့  hub router ဆီသို့ပဲ always on tunnel ဆောက်ထားဖို့လိုပါတယ်။ spoke router တစ်လုံးကနေ အခြား spoke router များအားလုံးဆီကို always on tunnel တည်ဆောက်ထားစရာမလိုပါဘူး။ spoke to spoke tunnel ဟာ လိုအပ်သောအခါမှသာ တည်ဆောက်မှာဖြစ်ပြီး မလိုအပ်တဲ့အခါမှာလည်း အလိုအလျောက် ၄င်း tunnel ကိုပြန်ဖြုတ်ချမှာဖြစ်ပါတယ်။ ထိုကဲ့သို့ spoke router တွေရဲ့ကြားမှာ လိုအပ်တဲ့ direct tunnel ကို dynamic tunnel များအဖြစ် လိုသလိုတည်ဆောက်တဲ့နည်းပညာဖြစ်တဲ့အတွက် DMVPN လို့ခေါ်ဆိုရခြင်းပဲဖြစ်ပါတယ်။ DMVPN Network တစ်ခုဟာ Ru...