Skip to main content
DMVPN ( Dynamic Multipoint Virtual Private Network ) Part-1
    • ထို့အပြင် spoke router များမှာ မလိုအပ်တဲ့ tunnel တွေမဆောက်ထားတဲ့အတွက် processing power (CPU,RAM) အသုံးပြုမှု အတော်သက်သာသွားပါတယ်။
      ထို့ကြောင့် branch office နှစ်ခုရဲ့ကြားမှာ delay ပမာဏ နည်းနည်းနဲ့ data တွေကိုပို့နိုင်သွားပါတယ်။
    1. Multipoint GRE (mGRE)
    1. DMVPN network မှာ NHRP Protocol  ကိုဘာကြောင့်သုံးဖို့လိုမလဲ?
    1. Dynamic Routing For DMVPN Network
    1. IPsec IP Security Protocol
    • Data Confidentiality
    • Data Integrity
    • Data Authentication
    Ref:
    Best Regards,
    Aung Cho Htwe
    Unicode Version 
    DMVPN ( Dynamic Multipoint Virtual Private Network ) သို့မဟုတ် Flexible Dynamic Mesh VPN
        DMVPN ဟာ Multipoint Overlay VPN Network တည်ဆောက်တဲ့နေရာမှာ အသုံးပြုတဲ့ နည်းပညာတစ်ခုပဲ ဖြစ်ပါတယ်။ Cisco IOS ကိုအခြေခံသော Router များ၊ Huawei router များနှင့် Unix-like OS များမှာ ၄င်း DMVPN နည်းပညာကို အသုံးပြုနိုင်ရန် အထောက်အပံ့တွေပေးပါတယ်။
    ဘာကြောင့် DMVPN လို့ခေါ်ဆိုရတာလဲ? 
     DMVPN network ဟာစတင်တည်ဆောက်တဲ့အချိန်မှာ သူ့ရဲ့ topology ဟာ hub and spoke design ဖြစ်ပါတယ်။ဆိုလိုချင်တာက spoke router တစ်လုံးချင်းစီဟာ ့hub router ဆီသို့ပဲ always on tunnel ဆောက်ထားဖို့လိုပါတယ်။spoke router တစ်လုံးကနေ အခြား spoke router များအားလုံးဆီကို always on tunnel တည်ဆောက်ထားစရာမလိုပါဘူး။ spoke to spoke tunnel ဟာ လိုအပ်သောအခါမှသာ တည်ဆောက်မှာဖြစ်ပြီး မလိုအပ်တဲ့အခါမှာလည်း အလိုအလျောက် ၄င်း tunnel ကိုပြန်ဖြုတ်ချမှာဖြစ်ပါတယ်။
     ထိုကဲ့သို့ spoke router တွေရဲ့ကြားမှာ လိုအပ်တဲ့ direct tunnel ကို dynamic tunnel များအဖြစ် လိုသလိုတည်ဆောက်တဲ့နည်းပညာဖြစ်တဲ့အတွက် DMVPN လို့ခေါ်ဆိုရခြင်းပဲဖြစ်ပါတယ်။ DMVPN Network တစ်ခုဟာ Running State မှာတော့ Dynamic Mesh VPN Network တစ်ခုအဖြစ်ပြောင်းလဲသွားမှာဖြစ်ပါတယ်။
    ထို့အပြင် spoke router များမှာ မလိုအပ်တဲ့ tunnel တွေမဆောက်ထားတဲ့အတွက်် processing power (CPU,RAM) အသုံးပြုမှု အတော်သက်သာသွားပါတယ်။
    Spoke to spoke direct tunnel တည်ဆောက်နိုင်တဲ့အတွက် branch office နှစ်ခုကြားသွားတဲ့ traffic တွေဟာ main office(DMVPN HUB Router)ကိုဖြတ်သွားစရာမလိုတော့ပါဘူး။
    ထိို့ကြောင့် branch office နှစ်ခုရဲ့ကြားမှာ delay ပမာဏ နည်းနည်းနဲ့ data တွေကိုပို့နိုင်သွားပါတယ်။
    DMVPN Network တစ်ခုတည်ဆောက်ဖို့အတွက် အောက်ပါနည်းပညာများကို ပေါင်းစပ်အသုံးပြုပေးရမှာ ဖြစ်ပါတယ်။
    (1) Multipoint GRE (mGRE)
    (2) NHRP (Next Hop Resolution Protocol)
    (3) IPSec (Internet Protocol Security)
    (4) IP Based Dynamic Routing Protocol (EIGRP,BGP,OSPF,RIPv2)
    ၄င်း protocols အားလုံးဟာ IETF ရဲ့Standard Protocols တွေပဲဖြစ်ပါတယ်။
    (1) mGRE (Multipoint Generic Routing Encapsulation)
    DMPVN network မှာ spoke to spoke dynamic tunnel တည်ဆောက်နိုင်ဖို့ဆိုရင် DMVPN Router အကုန်လုံးမှာ mGRE Tunnel interface ကိုသုံးစွဲပေးရမှာဖြစ်ပါတယ်။ဘာကြောင့်လဲဆိုတော့ အကယ်၍သာ Point to Point GRE သာအသုံးပြုခဲ့မယ်ဆိုရင် Router ၂ လုံးကိုသာ VPN ချိတ်ဆက်နိုင်မှာဖြစ်ပါတယ်။
    တစ်ခုသတိပြုရမှာက P2P GRE Configuration ပြုလုပ်စဉ်အခါက tunnel source ip နဲ့ destination ip နှစ်ခုစလုံးကို ပုံသေသတ်မှတ်ပေးဖို့လိုပေမယ့် MGRE configuration မှာတော့ tunnel source ip ကိုပဲ ပုံသေပြောထားဖို့လိုုမှာဖြစ်ပါတယ်။ MGRE interface ကနေ dynamic tunnel ဆောက်ဖို့အတွက် destination ip address ကို NHRP protocol ရဲ့အကူအညီနဲ့ ရယူနိုင်မှာဖြစ်ပါတယ်။
    (2) DMVPN network မှာ NHRP Protocol ကိုဘာကြောင့်သုံးဖို့လိုမလဲ?
    DMVPN network ချိတ်ဆက်တဲ့အခါမှာ Internet ပေါ်ကနေ ဖြတ်ပြီး ချိတ်ဆက်ကြရာတွင် Internet connection ရဖို့ အသုံးပြုရတဲ့ public ip address ကို NBMA address (သို့) physical address လို့ခေါ်ပါတယ်။ *(Physical internet connection မှာ သုံးနေရတဲ့ ip address ဖြစ်တဲ့အတွက်ပါ၊)
    ၄င်း internet connection များကို အသုံးပြုပြီး တည်ဆောက်လို့ရလာတဲ့ DMVPN overlay network ဖြစ်ပေါ်လာဖို့ကြတော့ DMVPN router တိုင်းမှာ mGRE interface ရှိနေမှာ ဖြစ်ပါတယ်။ ၄င်း mGRE tunnel interface မှာ ပေးထားတဲ့ ip address များကို tunnel ip လို့ခေါ်ဆိုမှာ ဖြစ်ပါတယ်။
    ကဲ လာပါပြီဗျာ…NHRP ရဲ့အသုံးဝင်ပုံကို ရှင်းပြလို့ရပါပြီ။
    NHRP ဟာ client server model အနေနဲ့ အလုပ်လုပ်မှာ ဖြစ်ပါတယ်။
    DMVPN HUB ကို NHRP Server (NHS) အနေနဲ့ ထားပေးရမှာ ဖြစ်ပါတယ်။
    NHRP client တွေဟာ သူတို့ရဲ့ NBMA address နဲ့ tunnel ip address တို့ကို GRE tunnel ပေါ်ကနေ NHRP Server ဆီသို့ register ပြုလုုပ်ပေးလိုက်မှာပါ။ ၄င်းနည်းဖြင့် NHRP client အားလုံးရဲ့ NBMA ip address နဲ့ tunnel ip address တွေကို NHRP Server ထဲမှာ database တစ်ခုအနေနဲ့ တည်ဆောက်လို့ရသွားမှာဖြစ်ပါတယ်။ ဒီအခါမှာ NHRP Server ဆိုတဲ့ DMVPN Hub Router ဟာ DMVPN Spoke Router အားလုံးရဲ့ NBMA ip address နဲ့ Tunnel ip တွေကို အလိုအလျောက်သိရှိသွားပါလိမ့်မယ်။
    အနှစ်ချုပ်အနေနဲ့ကတော့ “NHRP ဆိုတာ NBMA ip address နဲ့ Tunnel ip address ကို NHC မှ NHS ဆီသို့ အလိုအလျောက် register ပြုလုပ်စေသော protocol တစ်ခုသာလျှင် ဖြစ်ပါတယ်။”
    (3) Dynamic Routing For DMVPN Network
    Dynamic Routing Protocol တွေဖြစ်တဲ့ EIGRP,RIPv2,BGP နဲ့ OSPF တို့ကို DMVPN Network ပေါ်မှာ ip network တွေရဲ့ routing update တွေကို အပြန်အလှန် ဖလှယ်ဖို့ရာအတွက်အသုံးပြုဖို့ ပဲဖြစ်ပါတယ်။
    (4) IPsec IP Security Protocol
    IPsecurity protocol ဟာ DMVPN Network မှာ essential မဟုတ်ပါဘူး။ Optional Protocol တစ်ခုသာလျှင် ဖြစ်ပါတယ်။ IPsec Protocol မပါဘဲနဲ့လည်း DMVPN Network ကို တည်ဆောက်နိုင်မှာ ဖြစ်ပါတယ်။ DMVPN Network မှာ ဘာကြောင့် IPSec Protocol ကိုသုံးသလဲလို့မေးရင်တော့ ၄င်း DMVPN Network ပေါ်မှာသွားတဲ့ IP Packets တွေကို Secure ဖြစ်စေဖို့ပဲဖြစ်ပါတယ်။   ဒီနေရာမှာ IPsec protocol က အဓိကလုပ်ပေးတာက IP packet တွေ ပို့လွတ်တဲ့အခါမှာ ၄င်း IP packet တစ်ခုချင်းစီကို encrypted packet အနေဖြင့် ပို့လွှတ်နိုင်တဲ့အတွက် Network Layer မှာ secure transmission ကိုရရှိစေပါတယ်။
    IPsec ရဲ့ Main Functions တွေကတော့…
    Data Confidentiality
    Data Integrity
    Data Authentication
    Anti Replay Protection    တို့ပဲဖြစ်ပါတယ်။
    ထို့ကြောင့် DMVPN Network ပေါ်မှာသွားတဲ့ traffic တွေကို IPsec နဲ့ protection မလုပ်ထားဘူးဆိုရင်တော့ plaintext အနေဖြင့်သာ GRE Encapsulation Packet တွေကို ပို့လွှတ်မှာဖြစ်တဲ့အတွက် secure ဖြစ်မှာမဟုတ်ပါဘူး။
    Ref:
    https://en.wikipedia.org/wiki/IPsec
    Best Regards,
    Aung Cho Htwe
    Comments
    Popular Posts
    Cisco ASA Firewall Configuration (Part-2)
    Cisco ASA Firewall Configuration (Part-2)     OSPFv2 Dynamic IP Routing on the Cisco ASA Firewall ကဲဒီနေ့တော့ ASA Firewall နဲ့ OSPFv2 တွဲစမ်းကြတာပေါ့ .... အပေါ်ကပုံမှာပြထားတဲ့  OSPF Configuration Commands တွေအတိုင်း လက်တွေ့လုပ်နှိုင်ပြီဖြစ်ပါတယ်။ Cisco ASA Firewall နဲ့ OSPF Routing Protocol အခြေခံအနည်းငယ်တော့သိထားရမှာဖြစ်ပါတယ်။ ospfv2 verification commands for cisco asa firewall ASA1# show interface ip brief ASA1# show route ASA1# show ospf interface ASA1# s how ospf neighbor ASA1# show ospf database Supported Routing Protocols for ASA Firewall Dynamic IP Routing •Enhanced Interior Gateway Routing Protocol (EIGRP) Enhanced Interior Gateway Routing Protocol (EIGRP) is an advanced distance-vector routing protocol that is used on a computer network to help automate routing decisions and configuration. The protocol was designed by Cisco Systems as a proprietary protocol, available only on Cisco routers. Partial functionality of EIGRP was converted to
    ARP Address Resolution Protocol
    ARP Address Resolution Protocol ဆိုသည်မှာ IETF ရဲ့ Standard Protocol တစ်ခုပဲဖြစ်ပါတယ်။ ၄င်း ARP Protocol ကို IETF မှ RFC-826 မှာ အကျယ်တ၀င့် ပြဌာန်းထားပါတယ်။ ARP Protocol ဟာ Local Area Network တစ်ခုအတွင်းရှိ PC နှစ်လုံး အပြန်အလှန်ချိတ်ဆက်ရာမှာ Network Layer Address (IP Address) မှ Datalink layer Address (MAC Address) သို့ ပြောင်းလဲရာမှာ အသုံးပြုနိုင်တဲ့ Protocol တစ်ခုပဲဖြစ်ပါတယ်။ Computer Network တစ်ခုရဲ့ Data အချက်အလက်များ ပေးပို့မှုသဘောတရားကို လေ့လာရာမှာ ARP ရဲ့ လုပ်ဆောင်မှုကို အသေးစိတ် နားလည်ထားလျှင် ပိုမိုလွယ်ကူစွာ လေ့လာနိုင်ပါလိမ့်မယ်။ ARP ဟာ TCP/IP ရဲ့ Link Layer Protocol တစ်ခုဖြစ်တဲ့အတွက် Broadcast Domain တစ်ခုအတွင်းမှာသာ အလုပ်လုပ်နိုင်မှာဖြစ်ပါတယ်။ ဥပမာအားဖြင့် PC1 ဟာ PC2 ရဲ့ IPV4 Address ကိုသိရှိပြီး PC2 ဆီကို IP Packet တစ်ခုပေးပို့ချင်တဲ့အခါ ၄င်းရဲ့ Ethernet NIC မှတဆင့် ပေးပို့ရမှာဖြစ်ပါတယ်။ ထို့ကြောင့် ၄င်း IP Packet ကို Ethernet Frame ထဲသို့ Data Encapsulation ပြုလုပ်ရန် ကြိုးစားတဲ့အခါ Frame Header ထဲမှာရှိရမယ့် Source MAC Address မှာ PC1 ရဲ့ MAC Address ကို
    DMVPN ( Dynamic Multipoint Virtual Private Network ) Part-2
    DMVPN Features and Benefits  Dynamic Routing Over VPN DMVPN Network ကို တည်ဆောက်ရာတွင် m GRE ကို အခြေခံ၍ တည်ဆောက်သည့်အတွက် ၄င်း GRE VPN network(DMVPN cloud) ပေါ်မှတစ်ဆင့် EIGRP,BGP,RIPv2,OSPF စတဲ့ routing protocols တို့၏ routing update များကို သယ်ပို့နိုင်မှာ ဖြစ်ပါတယ်။ IP Multicast Support DMVPN network ဟာ GRE ကိုအခြေခံပြီး တည်ဆောက်နိုင်ကြောင်း ကျွန်တော်တို့သိခဲ့ပြီးဖြစ်ပါတယ်။ GRE ဟာ IP multicast packet တွေကို သယ်ဆောင်ပေးနိုင်တဲ့အတွက် DMVPN network ပေါ်ကနေ multicast traffic တွေကို သယ်ဆောင်ပေးနိုင်မှာပဲဖြစ်ပါတယ်။ Reduced Configuration Overhead ဒီတစ်ချက်ဟာ branch offices ပေါင်းများစွာကို secure VPN ချိတ်ဆက်ဖို့ တာဝန်ယူရတဲ့ Network Enginner တွေအတွက် အတော်သက်သာသွားစေမယ့် အချက်ပဲဖြစ်ပါတယ်။ အကယ်၍သာ branch office ပေါင်း (1000) ရှိတဲ့ network တစ်ခုအတွက် point to point vpn topology ကိုပဲ အသုံးပြုခဲ့မယ်ဆိုရင် P2P vpn tunnel ပေါင်း 1000 တည်ဆောက်ရမှာဖြစ်ပါတယ်။ ဒီအခါမှာ ipsec နဲ့ ပတ်သက်တဲ့ configuration တွေဟာ P2P tunnel တစ်ခုခြင်းစီမှာ ထည့်