Skip to main content

Posts

Showing posts with the label NAT Exemption

NAT Exemption ဆိုတာဘာလဲ?

NAT Exemption ဆိုသည်မှ IP Packet တစ်ခုသည် NAT Router ကိုဖြတ်သွားသောအခါ Network Address များ (Source-IP, Destination IP) ကိုအခြား IP Address တစ်ခုသို့ ပြောင်းလဲမသွားစေရန် Configure ပြုလုပ်ထားခြင်းသာ ဖြစ်ပါတယ်။ NAT Exemption ဆိုတာနားလည်ဖို့အတွက် ပထမဦးစွာ NAT ကိုအခြေခံအားဖြင့် နားလည်ထားဖို့လိုပါမယ်။ NAT သည် Network Address Translation ဖြစ်ပြီး IETF မှ သတ်မှတ်ပြဌာန်းပေးထားသော Standard တစ်ခုလည်းဖြစ်ပါတယ်။ Network တစ်ခုတွင် Public IP Address တစ်ခု (သို့) Public IP address ပမာဏအနည်းငယ်ရှိယုံမျှဖြင့် Private Network ထဲရှိ user ပေါင်းများစွာသည် NAT ကိုသုံးခြင်းအားဖြင့် Public Internet သို့ ရောက်ရှိနိုင်မည် ဖြစ်သည်။ Router တွင် NAT Function ကိုအသုံးပြုလိုက်သောအခါ IP Packet များ၏ Private Source IP ကို Public IP Address တစ်ခုသို့ ပြောင်းလဲလိုက်ခြင်းအားဖြင့် Internet သို့ရောက်ရှိနိုင်မည်ဖြစ်သည်။ ထိုကဲ့သို့ NAT Service ကိုများသောအားဖြင့် Router, Firewall, NAT Server စသည်တို့တွင် configure ပြုလုပ်၍ သုံးနိုင်မည် ဖြစ်မည်။ Dynamic NAT PAT Configuration on Cisco ASA Firewall for Internet Access ...