Skip to main content
DMVPN ( Dynamic Multipoint Virtual Private Network ) Part-2
DMVPN Features and Benefits 
Dynamic Routing Over VPN
IP Multicast Support
  • ထို့အပြင် spoke router များမှာ မလိုအပ်တဲ့ tunnel တွေမဆောက်ထားတဲ့အတွက် processing power (CPU,RAM) အသုံးပြုမှု အတော်သက်သာသွားပါတယ်။
  • ထို့ကြောင့် delay ပမာဏ နည်းနည်းနဲ့ data တွေကိုပိုတွေကိုပို့နိုင်သွားပါတယ်။
Spoke router များမှာ အသုံးပြုထားသော internet ချိတ်ဆက်မည့် public ip address ဟာ static မဟုတ်ပဲ dynamic ip address ဖြစ်ခဲ့ရင်လည်း dmvpn network မှာ အသုံးပြုနိုင်မှာပဲဖြစ်ပါတယ်။
NHRP protocol ဟာ spoke router တစ်လုံးရဲ့ NBMA ip address eg.(public ip address)နဲ့ mGRE interface မှာရှိတဲ့ Tunnel ip address တို့ကို ပုံမှန် အချိန်တစ်ခု ကြာတိုင်း NHRP server ဆီသို့ ပို့ပေးနေသည့်အတွက် spoke router ဘက်မှာ public ip address ကို dynamic ip အနေဖြင့် အသုံးပြုနေသည့်တိုင်အောင် NHRP server မှာ ၄င်း ip address ကို ပှံမှန်သိရှိနေမှာပဲဖြစ်ပါတယ်။
Ref:
Best Regards,
Aung Cho Htwe
Unicode Version
DMVPN Network ကို တည်ဆောက်ရာတွင် mGRE ကို အခြေခံ၍ တည်ဆောက်သည့်အတွက် ၄င်း GRE VPN network(DMVPN cloud) ပေါ်မှတစ်ဆင့် EIGRP,BGP,RIPv2,OSPF စတဲ့ routing protocols တို့၏ routing update များကို သယ်ပို့နိုင်မှာ ဖြစ်ပါတယ်။
IP Multicast Support
DMVPN network ဟာ GRE ကိုအခြေခံပြီး တည်ဆောက်နိုင်ကြောင်း ကျွန်တော်တို့သိခဲ့ပြီးဖြစ်ပါတယ်။GRE ဟာ IP multicast packet တွေကို သယ်ဆောင်ပေးနိုင်တဲ့အတွက် DMVPN network ပေါ်ကနေ multicast traffic တွေကို သယ်ဆောင်ပေးနိုင်မှာပဲဖြစ်ပါတယ်။
Reduced Configuration Overhead
ဒီတစ်ချက်ဟာ branch offices ပေါင်းများစွာကို secure VPN ချိတ်ဆက်ဖို့ တာဝန်ယူရတဲ့ Network Enginner တွေအတွက် အတော်သက်သာသွားစေမယ့် အချက်ပဲဖြစ်ပါတယ်။
အကယ်၍သာ branch office ပေါင်း(1000)ရှိတဲ့ network တစ်ခုအတွက် point to point vpn topology ကိုပဲ အသုံးပြုခဲ့မယ်ဆိုရင် P2P vpn tunnel ပေါင်း 1000 တည်ဆောက်ရမှာဖြစ်ပါတယ်။ ဒီအခါမှာ ipsec နဲ့ ပတ်သက်တဲ့ configuration တွေဟာ P2P tunnel တစ်ခုခြင်းစီမှာ ထည့်ပေးဖို့ လိုလာတဲ့အခါမှာ tunnel interface များလာလေလေ IPsec နဲ့ ပတ်သက်တဲ့ configuration တွေများများ ထည့်ရလေပဲဖြစ်ပါတယ်။
DMVPN network မှာတော့ DMVPN Hub နဲ့ spoke router အားလုံးကို mGRE interface နဲ့ချိတ်ဆက်ပြီး cloud network တစ်ခုဖြစ်ပေါ်စေတဲ့အတွက် ipsec configuration တွေကို dmvpn router တိုင်းရဲ့ mGRE interface မှာထည့်ပေးလိုက်ရင်ရပြီဖြစ်ပါတယ်။
နှိုင်းယှဉ်ကြည့်မယ်ဆိုရင် ipsec configuration line ပေါင်း (3000)လောက်ထည့်ရမယ့်နေရာ command line ဆယ်ဂဏန်းလောက်နဲ့ပြီးစီးသွားမှာဖြစ်ပါတယ်။
Simplified Hub Router Configuration
DMVPN Hub Router မှာ mGRE Interface တစ်ခုဖြင့် DMVPN Spoke Routers အာလုံးကို ခ ျိတ်ဆက်ထားနိုင်မှာဖြစ်တဲ့အတွက် HUB Router မှာ vpn configuration နဲ့ IPSec Policy Configuration တွေတစ်ကြိမ်ထည့်ထားရင်လုံလောက်ပြီဖြစ်ပါတယ်။ နောက်ထပ် DMVPN Spoke Router တွေထပ်တိုးလာရင် တောင်မှ DMVPN HUB မှာ
configuration ထပ်ထည့်စရာမလိုပါဘူး ၊ ထပ်တိုးတဲ့ Spoke router တွေမှာပဲ dmvpn configuration ထည့်ြ့ပီးတော့ DMVPN Network ကိုဝင်ရောက်ခိ ျတ်ဆက်လိုက်ရင်ရပြီဖြစ်ပါတယ်။
Optional Strong Security with IPSec
IPsecurity protocol ဟာ DMVPN Network မှာ essential မဟုတ်ပါဘူး။ Optional Protocol တစ်ခုသာလျှင် ဖြစ်ပါတယ်။ IPsec Protocol မပါဘဲနဲ့လည်း DMVPN Network ကို တည်ဆောက်နိုင်မှာ ဖြစ်ပါတယ်။ DMVPN Network မှာ ဘာကြောင့် IPSec Protocol ကိုသုံးသလဲလို့မေးရင်တော့ ၄င်း DMVPN Network ပေါ်မှာသွားတဲ့ IP Packets တွေကို Secure ဖြစ်စေဖို့ပဲဖြစ်ပါတယ်။ ဒီနေရာမှာ IPsec protocol က အဓိကလုပ်ပေးတာက IP packet တွေ ပို့လွတ်တဲ့အခါမှာ ၄င်း IP packet တစ်ခုချင်းစီကို encrypted packet အနေဖြင့် ပို့လွှတ်နိုင်တဲ့အတွက် Network Layer မှာ secure transmission ကိုရရှိစေပါတယ်။
-Dynamic spoke to spoke connectivity
DMVPN network ဟာစတင်တည်ဆောက်တဲ့အချိန်မှာ သူ့ရဲ့ topology ဟာ hub and spoke design ဖြစ်ပါတယ်။ဆိုလိုချင်တာက spoke router တစ်လုံးချင်းစီဟာ ့hub router ဆီသို့ပဲ always on tunnel ဆောက်ထားဖို့လိုပါတယ်။spoke router တစ်လုံးကနေ အခြား spoke router များအားလုံးဆီကို always on tunnel တည်ဆောက်ထားစရာမလိုပါဘူး။ spoke to spoke tunnel ဟာ လိုအပ်သောအခါမှသာ တည်ဆောက်မှာဖြစ်ပြီး မလိုအပ်တဲ့အခါမှာလည်း အလိုအလျောက် ၄င်း tunnel ကိုပြန်ဖြုတ်ချမှာဖြစ်ပါတယ်။
ထိုကဲ့သို့ spoke router တွေရဲ့ကြားမှာ လိုအပ်တဲ့ direct tunnel ကို dynamic tunnel များအဖြစ် လိုသလိုတည်ဆောက်တဲ့နည်းပညာဖြစ်တဲ့အတွက် DMVPN လို့ခေါ်ဆိုရခြင်းပဲဖြစ်ပါတယ်။
ထို့အပြင် spoke router များမှာ မလိုအပ်တဲ့ tunnel တွေမဆောက်ထားတဲ့အတွက်် processing power (CPU,RAM) အသုံးပြုမှု အတော်သက်သာသွားပါတယ်။
Spoke to spoke direct tunnel တည်ဆောက်နိုင်တဲ့အတွက် branch office နှစ်ခုကြားသွားတဲ့ traffic တွေဟာ main office(DMVPN HUB Router)ကိုဖြတ်သွားစရာမလိုတော့ပါဘူး။
ထိို့ကြောင့် delay ပမာဏ နည်းနည်းနဲ့ data တွေကိုပိုတွေကိုပို့နိုင်သွားပါတယ်။
Dynamic Addressing For Spoke Routers
Spoke router များမှာ အသုံးပြုထားသော internet ချိတ်ဆက်မည့် public ip address ဟာ static မဟုတ်ပဲ dynamic ip address ဖြစ်ခဲ့ရင်လည်း dmvpn network မှာ အသုံးပြုနိုင်မှှာပဲဖြစ်ပါတယ်။
NHRP protocol ဟာ spoke router တစ်လုံးရဲ့ NBMA ip address eg.(public ip address)နဲ့ mGRE interface မှာရှိတဲ့ Tunnel ip address တို့ကို ပုံမှန် အချိန်တစ်ခု ကြာတိုင်း NHRP server ဆီသို့ ပို့ပေးနေသည့်အတွက် spoke router ဘက်မှာ public ip address ကို dynamic ip အနေဖြင့် အသုံးပြုနေသည့်တိုင်အောင် NHRP server မှာ ၄င်း ip address ကို ပှံမှန််သိရှိနေမှာပဲဖြစ်ပါတယ်။
ယခု Topic နဲ့ပတ်သက်ပြီး အဆင်မပြေတာ (သို့မဟုတ်) သိလိုတာများ၊ ဖြည့်စွက် ဆွေးနွေးလိုတာများရှိခဲ့ရင်တော့ Comment မှာဖြစ်စေ၊ ACH Facebookpage မှဖြစ်စေ ဝင်ရောက်ဆွေးနွေး မေးမြန်း အကြံပြုနိုင်ပါတယ်။
ဝင်ရောက်လေ့လာဖတ်ရှူပေးတဲ့အတွက် ကျေးဇူးပါခင်ဗျား။
Ref:
https://en.wikipedia.org/wiki/IPsec
Best Regards,
Aung Cho Htwe
Comments
Popular Posts
Cisco ASA Firewall Configuration (Part-2)
Cisco ASA Firewall Configuration (Part-2)     OSPFv2 Dynamic IP Routing on the Cisco ASA Firewall ကဲဒီနေ့တော့ ASA Firewall နဲ့ OSPFv2 တွဲစမ်းကြတာပေါ့ .... အပေါ်ကပုံမှာပြထားတဲ့  OSPF Configuration Commands တွေအတိုင်း လက်တွေ့လုပ်နှိုင်ပြီဖြစ်ပါတယ်။ Cisco ASA Firewall နဲ့ OSPF Routing Protocol အခြေခံအနည်းငယ်တော့သိထားရမှာဖြစ်ပါတယ်။ ospfv2 verification commands for cisco asa firewall ASA1# show interface ip brief ASA1# show route ASA1# show ospf interface ASA1# s how ospf neighbor ASA1# show ospf database Supported Routing Protocols for ASA Firewall Dynamic IP Routing •Enhanced Interior Gateway Routing Protocol (EIGRP) Enhanced Interior Gateway Routing Protocol (EIGRP) is an advanced distance-vector routing protocol that is used on a computer network to help automate routing decisions and configuration. The protocol was designed by Cisco Systems as a proprietary protocol, available only on Cisco routers. Partial functionality of EIGRP was converted to