Skip to main content
ARP Address Resolution Protocol
ဥပမာအားဖြင့် PC1 ဟာ PC2 ရဲ့ IPV4 Address ကိုသိရှိပြီး PC2 ဆီကို IP Packet တစ်ခုပေးပို့ချင်တဲ့အခါ ၄င်းရဲ့ Ethernet NIC မှတဆင့် ပေးပို့ရမှာဖြစ်ပါတယ်။ ထို့ကြောင့် ၄င်း IP Packet ကို Ethernet Frame ထဲသို့ Data Encapsulation ပြုလုပ်ရန် ကြိုးစားတဲ့အခါ Frame Header ထဲမှာရှိရမယ့် Source MAC Address မှာ PC1 ရဲ့ MAC Address ကို ထည့်နိုင်သော်လည်း Destination MAC Address ကိုထည့်ရန် PC2 ရဲ့ MAC Address ကိုသိဖို့လိုမှာဖြစ်ပါတယ်။
** Compurter များ Ethernet Frame လက်ခံရာတွင် ၄င်း code ကိုကြည့်ခြင်းအားဖြင့် Ethernet Frame ထဲတွင် ARP Message ပါလာသည်ကို သိရှိနိုင်မှာဖြစ်ပါတယ်။
??? Network layer Protocol ဟာ IPv6 ဖြစ်ပြီး datalink Layer Protocol ဟာ Ethernet ဖြစ်ခဲ့ပါက IPv6 packet ကို Neighbor Computer ဆီကို Frame ဆောက်ပြီး ပေးပို့ဖို့အတွက် (Neighbor Computer IPv6 Address ကိုသိပြီး MAC Address ကို မသိတဲ့အခါ) ARP Protocol ကိုပဲ သုံးပြီး မေးလိမ့်ဦးမည်ဟု သင် ထင်ပါသလား ?
(သို့မဟုတ်)အခြားဘယ် Protocol သုံးလိမ့်မည်ဟု ထင်ပါသလဲ ???
ယခု Topic နဲ့ပတ်သက်ပြီး အဆင်မပြေတာ (သို့မဟုတ်) သိလိုတာများ၊ ဖြည့်စွက် ဆွေးနွေးလိုတာများရှိခဲ့ရင်တော့ Comment မှာဖြစ်စေ၊ ACH Facebookpage မှဖြစ်စေ ၀င်ရောက်ဆွေးနွေး မေးမြန်း အကြံပြုနိုင်ပါတယ်။
Best Regards,
Aung Cho Htwe
Unicode Version
ARP Address Resolution Protocol
ARP ဆိုသည်မှာ IETF ရဲ့ Standard Protocol တစ်ခုပဲဖြစ်ပါတယ်။ ၄င်း ARP Protocol ကို IETF မှ RFC-826 မှာ အကျယ်တဝင့် ပြဌာန်းထားပါတယ်။
ARP Protocol ဟာ Local Area Network တစ်ခုအတွင်းရှိ PC နှစ်လုံး အပြန်အလှန်ချိတ်ဆက်ရာမှာ Network Layer Address (IP Address) မှ Datalink layer Address (MAC Address) သို့ ပြောင်းလဲရာမှာ အသုံးပြုနိုင်တဲ့ Protocol တစ်ခုပဲဖြစ်ပါတယ်။
Computer Network တစ်ခုရဲ့ Data အချက်အလက်များ ပေးပို့မှှုသဘောတရားကို လေ့လာရာမှာ ARP ရဲ့ လုပ်ဆောင်မှုကို အသေးစိတ် နားလည်ထားလျှင် ပိုမိုလွယ်ကူစွာ လေ့လာနိုင်ပါလိမ့်မယ်။ ARP ဟာ TCP/IP ရဲ့ Link Layer Protocol တစ်ခုဖြစ်တဲ့အတွက် Broadcast Domain တစ်ခုအတွင်းမှာသာ အလုပ်လုပ်နိုင်မှာဖြစ်ပါတယ်။
ဥပမာအားဖြင့် PC1 ဟာ PC2 ရဲ့ IPV4 Address ကိုသိရှိပြီး PC2 ဆီကို IP Packet တစ်ခုပေးပို့ချင်တဲ့အခါ ၄င်းရဲ့ Etherner NIC မှတဆင့် ပေးပို့ရမှာဖြစ်ပါတယ်။ ထို့ကြောင့် ၄င်း IP Packet ကို Ethernet Frame ထဲသို့ Data Encapsulation ပြုုလုပ်ရန် ကြိုးစားတဲ့အခါ Frame Header ထဲမှာရှိရမယ့် Source MAC Address မှာ PC1 ရဲ့ MAC Address ကို ထည့်နိုင်သော်လည်း Destination MAC Address ကိုထည့်ရန် PC2 ရဲ့ MAC Address ကိုသိဖို့လိုမှာဖြစ်ပါတယ်။
အဲဒီအခါ PC1 ဟာ PC2 ရဲ့ IP Address ကိုသိသော်လည်း MAC Address ကို မသိသေးတဲ့အတွက်ကြောင့် ARP Request Message ကို ဦးစွာပို့ပေးမှာဖြစ်ပါတယ်။ ARP Request Message ဟာ Ethernet Broadcast Message တစ်ခုဖြစ်ပြီး Destination MAC Address (FFFF.FFFF.FFFF) ဖြင့် ပို့ပေးတဲ့အတွက် LAN တစ်ခုအတွင်းရှိ Computer အားလုံးဆီသို့ ရောက်ရှိမှာဖြစ်ပါတယ်။
ARP Request Message ဟာ Message Body အတွင်းရှိ Target IP Address နေရာမှာ PC2 ရဲ့ IP Address ကိုထည့်ပြီး မေးတဲ့အတွက်ကြောင့် PC1 ကမေးလိုက်တဲ့ ARP Broadcast Message ကို PC2 မှ ARP Reply Message နဲ့ အကြောင်း ပြန်မှာဖြစ်ပါတယ်။ ARP Reply Message ဟာ Unicast Frame တစ်ခုအနေနဲ့ ပြန်ပို့ပေးမှာဖြစ်ပါတယ်။ ARP Message ထဲမှာ သက်ဆိုင်ရာ PC2 ရဲ့ IP Address နဲ့ MAC Address တို့ပြန်ပါလာမှာဖြစ်ပါတယ်။
ARP Request Message ကိုပို့လိုက်တဲ့ PC2 ဟာ ARP Reply Message ကရရှိတဲ့ IP နဲ့ MAC Address ကိုနောက်တစ်ချိန် ပြန်လည်အသုံးပြုရန်အတွက် ၄င်းရဲ့ ARP Table (ARP Cache) ထဲမှာ သိမ်းဆည်းထားမှာဖြစ်ပါတယ်။
ယခုအခါ PC1 ဟာ PC2 ရဲ့ MAC Address ကို ARP Protocol ရဲ့အကူအညီနဲ့ ရယူပြီးတဲ့အခါ PC2 ဆီသို့ ပေးပိ်ု့ချင်တဲ့ Frame ကို အောင်မြင်စွာ တည်ဆောက်ပေးပို့နိုင်ပြီဖြစ်ပါတယ်။ ဒါ့အပြင် PC1 ဟာ PC2 ဆီသို့ Ethernet Frame များ ထပ်မံပေးပို့လိုတဲ့အခါ ARP Table ထဲမှာ PC2 ရဲ့ IP Address နဲ့ MAC Address တို့ဟာ Cache အနေနှင့် မေးထားပြီးသားရှိနေပါက ARP Request Message ထပ်မံပေးပို့စရာမလိုတော့ဘဲ Ethernet Frame ကို ချက်ချင်း တည်ဆောက်ပေးပို့နိုင်မှာပဲ ဖြစ်ပါတယ်။
သို့သော် တစ်ခုသတိပြုရမှာကတော့ ARP Table ထဲမှာရှိတဲ့ Cache Entry များဟာ ARP Table Aging Timeout ဖြစ်သွားလျင်သော်လည်းကောင်း၊ Computer Reboot ဖြစ်လျင်သော်လည်းကောင်း ပျက်သွားနိုင်ကြောင်းကိုလည်း သိထားရမှာဖြစ်ပါတယ်။
** ARP Protocol အတွက် Ethernet Header ထဲရှိ Ether-type တန်ဖိုးမှာ 0x0806 ဖြစ်ပါတယ်။
** Compurter များ Ethernet Frame လက်ခံရာတွင် ၄င်း code ကိုကြည့့်ခြင်းအားဖြင့် Ethernet Frame ထဲတွင် ARP Message ပါလာသည်ကို သိရှိနိုင်မှာဖြစ်ပါတယ်။
** ARP Table သည် IP packet တစ်ခုကို Ethernet Frame ထဲသို့ Encapsulation ပြုလုပ်တဲ့အခါတိုင်း Lookup ပြုလုပ်ရမယ့် Table တစ်ခုပဲဖြစ်ပါတယ်။
** ဒီနေရာမှာ တစ်ခု မေးချင်တာက **
## Network layer Protocol ဟာ IPv6 ဖြစ်ပြီး datalink Layer Protocol ဟာ Ethernet ဖြစ်ခဲ့ပါက IPv6 packet ကို Neighbor Computer ဆီကို Frame ဆောက်ပြီး ပေးပို့ဖို့အတွက် (Neighbor Computer IPv6 Address ကိုသိပြီး MAC Address ကို မသိတဲ့အခ) ARP Protocol ကိုပဲ သုံးပြီး မေးလိမ့်မည်ဟု သင် ထင်ပါသလား ?
ယခု Topic နဲ့ပတ်သက်ပြီး အဆင်မပြေတာ (သို့မဟုတ်) သိလိုတာများ၊ ဖြည့်စွက် ဆွေးနွေးလိုတာများရှိခဲ့ရင်တော့ Comment မှာဖြစ်စေ၊ Facebook page မှဖြစ်စေ ဝင်ရောက်ဆွေးနွေး မေးမြန်း အကြံပြုနိုင်ပါတယ်။
ဝင်ရောက်လေ့လာဖတ်ရှူပေးတဲ့အတွက် ကျေးဇူးပါခင်ဗျား။
Best Regards,
Aung Cho Htwe
Comments
Popular Posts
DMVPN ( Dynamic Multipoint Virtual Private Network ) Part-2
DMVPN Features and Benefits  Dynamic Routing Over VPN DMVPN Network ကို တည်ဆောက်ရာတွင် m GRE ကို အခြေခံ၍ တည်ဆောက်သည့်အတွက် ၄င်း GRE VPN network(DMVPN cloud) ပေါ်မှတစ်ဆင့် EIGRP,BGP,RIPv2,OSPF စတဲ့ routing protocols တို့၏ routing update များကို သယ်ပို့နိုင်မှာ ဖြစ်ပါတယ်။ IP Multicast Support DMVPN network ဟာ GRE ကိုအခြေခံပြီး တည်ဆောက်နိုင်ကြောင်း ကျွန်တော်တို့သိခဲ့ပြီးဖြစ်ပါတယ်။ GRE ဟာ IP multicast packet တွေကို သယ်ဆောင်ပေးနိုင်တဲ့အတွက် DMVPN network ပေါ်ကနေ multicast traffic တွေကို သယ်ဆောင်ပေးနိုင်မှာပဲဖြစ်ပါတယ်။ Reduced Configuration Overhead ဒီတစ်ချက်ဟာ branch offices ပေါင်းများစွာကို secure VPN ချိတ်ဆက်ဖို့ တာဝန်ယူရတဲ့ Network Enginner တွေအတွက် အတော်သက်သာသွားစေမယ့် အချက်ပဲဖြစ်ပါတယ်။ အကယ်၍သာ branch office ပေါင်း (1000) ရှိတဲ့ network တစ်ခုအတွက် point to point vpn topology ကိုပဲ အသုံးပြုခဲ့မယ်ဆိုရင် P2P vpn tunnel ပေါင်း 1000 တည်ဆောက်ရမှာဖြစ်ပါတယ်။ ဒီအခါမှာ ipsec နဲ့ ပတ်သက်တဲ့ configuration တွေဟာ P2P tunnel တစ်ခုခြင်းစီမှာ ...
Cisco ASA Firewall Configuration (Part-1)
Cisco ASA Firewall Configuration (Part-1) ASA Firewall Interface Security Levels and Interface Configuration ASA Firewall တွင် security level ဆိုသည်မှာ Firewall ၏ interface များတွင် သတ်မှတ်ပေးထားနိုင်သည့် ယုံကြည်စိတ်ချရမှု (trusted value) တန်ဖိုးများပင် ဖြစ်သည်။ သတ်မှတ်ပေးနိုင်သော တန်ဖိုးမှာ 0 မှ 100 အထိဖြစ်သည်။ Firewall ၏ interface တစ်ခုသည် network တစ်ခုကိုချိတ်ဆက်ထားရာတွင် interface တွင်သတ်မှတ်ထားသော security level တန်ဖိုးမြင့်လေလေ ၎င်း network ကိုပို၍ ယုံကြည်စိတ်ချရသော network တစ်ခုအဖြစ်သတ်မှတ်နိုင်လေဖြစ်သည်။ ဥပမာ- Internet ချိတ်ထားသော ouside network security level = 0 Origanization ၏ private network / Inside network security level = 100 DMZ network security level = 50 ASA Firewall Default Traffic Flow • ASA Firewall တွင် default အနေဖြင့် high-security-level မှလာသော packet တစ်ခုသည် lower-security-level interface သို့ packet forward ပြုလုပ်ပေးနိုင်သည်။ • ထို့အပြင် ASA Firewall သည် stateful packet filtering function ရသောကြောင့် forward ပြုလုပ်လိုက်သော packet တစ်ခု၏ state informatio...
Cisco ASA Firewall Configuration (Part-2)
Cisco ASA Firewall Configuration (Part-2)     OSPFv2 Dynamic IP Routing on the Cisco ASA Firewall ကဲဒီနေ့တော့ ASA Firewall နဲ့ OSPFv2 တွဲစမ်းကြတာပေါ့ .... အပေါ်ကပုံမှာပြထားတဲ့  OSPF Configuration Commands တွေအတိုင်း လက်တွေ့လုပ်နှိုင်ပြီဖြစ်ပါတယ်။ Cisco ASA Firewall နဲ့ OSPF Routing Protocol အခြေခံအနည်းငယ်တော့သိထားရမှာဖြစ်ပါတယ်။ ospfv2 verification commands for cisco asa firewall ASA1# show interface ip brief ASA1# show route ASA1# show ospf interface ASA1# s how ospf neighbor ASA1# show ospf database Supported Routing Protocols for ASA Firewall Dynamic IP Routing •Enhanced Interior Gateway Routing Protocol (EIGRP) Enhanced Interior Gateway Routing Protocol (EIGRP) is an advanced distance-vector routing protocol that is used on a computer network to help automate routing decisions and configuration. The protocol was designed by Cisco Systems as a proprietary protocol, available only on Cisco routers. Partial functionality of EIGRP was...