DMVPN Features and Benefits Dynamic Routing Over VPN DMVPN Network ကို တည်ဆောက်ရာတွင် m GRE ကို အခြေခံ၍ တည်ဆောက်သည့်အတွက် ၄င်း GRE VPN network(DMVPN cloud) ပေါ်မှတစ်ဆင့် EIGRP,BGP,RIPv2,OSPF စတဲ့ routing protocols တို့၏ routing update များကို သယ်ပို့နိုင်မှာ ဖြစ်ပါတယ်။ IP Multicast Support DMVPN network ဟာ GRE ကိုအခြေခံပြီး တည်ဆောက်နိုင်ကြောင်း ကျွန်တော်တို့သိခဲ့ပြီးဖြစ်ပါတယ်။ GRE ဟာ IP multicast packet တွေကို သယ်ဆောင်ပေးနိုင်တဲ့အတွက် DMVPN network ပေါ်ကနေ multicast traffic တွေကို သယ်ဆောင်ပေးနိုင်မှာပဲဖြစ်ပါတယ်။ Reduced Configuration Overhead ဒီတစ်ချက်ဟာ branch offices ပေါင်းများစွာကို secure VPN ချိတ်ဆက်ဖို့ တာဝန်ယူရတဲ့ Network Enginner တွေအတွက် အတော်သက်သာသွားစေမယ့် အချက်ပဲဖြစ်ပါတယ်။ အကယ်၍သာ branch office ပေါင်း (1000) ရှိတဲ့ network တစ်ခုအတွက် point to point vpn topology ကိုပဲ အသုံးပြုခဲ့မယ်ဆိုရင် P2P vpn tunnel ပေါင်း 1000 တည်ဆောက်ရမှာဖြစ်ပါတယ်။ ဒီအခါမှာ ipsec နဲ့ ပတ်သက်တဲ့ configuration တွေဟာ P2P tunnel တစ်ခုခြင်းစီမှာ ထည့်
ACH Network Professional Training Center