Skip to main content

Inter-Vlan Routing with Multilayer Switch နှင့်ပတ်သက်၍……..






တစ္ေန႔မွာ (၄၈) နာရီရွိရင္ ေကာင္းမယ္လို႔ အျမဲညည္းေနမိတဲ့ကၽြန္ေတာ့္အတြက္ အရွားပါးဆုံးက အခ်ိန္ေတြပါပဲ….။ ခုေနာက္ပိုင္း မီးအားေတြကလည္းနည္း မီးေတြလည္း (ခဏခဏလာနဲ႔) :D အေၾကာင္းအရာတစ္ခုကို အခ်ိန္ေပးၿပီးစမ္းတိုင္း ပုံမွန္ေပးသင့္တဲ့အခ်ိန္ထက္ ရွားပါးလြန္းတဲ့ အခ်ိန္ေတြထဲက ထပ္ၿပီးပဲ့ပဲ့ပါသြားတာမ်ားလာတယ္…။ မွန္းထားတဲ့အတိုင္း ခရီးမေပါက္တာေတြကမ်ားလားတယ္။
အလုပ္မအားတဲ့ကၽြန္ေတာ့္ဆီက ကၽြန္ေတာ့္တပည့္ေတြ ညီငယ္ေလးေတြ ေမၽွာ္လင့္ေနၾကတဲ့ နည္းပညာနဲ႔ပတ္သက္ၿပီး ေတာင္းဆိုထားၾကတဲ့အတိုင္း အားလုံးအတြက္ အခ်ိန္ကုန္သက္သာၿပီး အက်ိဳးရွိေစမယ့္ Message တစ္ခုခုကို အေၾကာင္းအရာ ေသးေသးႀကီးႀကီးေပါ့…. Knowledge Sharing အျဖစ္ေပးနိုင္ဖို႔ ကၽြန္ေတာ္ေခါင္းထဲအျမဲထည့္ထားပါတယ္။
ဒါေပမယ့္ စိတ္သြားတိုင္းကိုယ္မပါနိုင္တဲ့အတြက္ ကၽြန္ေတာ္ကိုယ္ကၽြန္ေတာ္ မခ်င့္မရဲ ျဖစ္ရသလို အားလုံးကိုလည္း အားနာရပါတယ္။ တစ္ေန႔မွာ (၄၈) နာရီျဖစ္ရင္ေကာင္းမယ္လို႔ ေရရြတ္ ေတာင့္တေနမိတိုင္း ကၽြန္ေတာ္သိသမၽွကို အရွိအတိုင္းေဝမၽွခ်င္လ်က္နဲ႔ ခ်ျပဖို႔မအားနိုင္တာကို အလိုမက်ျဖစ္ခဲ့ရတယ္။ ဒီေန႔ေတာ့ ျဖစ္ခ်င္ရာျဖစ္ေစေတာ့ က်န္တာေတြအကုန္ေဘးခ်၊ ၇တဲ့အခ်ိန္ထဲက အေတြးတစ္စကိုဖဲ့ထုတ္ၿပီး ကၽြန္ေတာ့္ညီေလးေတြ အတြက္ ကၽြန္ေတာ္ Message တစ္ခုခုေပးနိုင္ဖို႔ အားထုတ္ျဖစ္ခဲ့တယ္ဗ်ာ။
လတ္တေလာမွာေတာ့ ကၽြန္ေတာ့္ေခါင္းထဲေပၚလာတဲ့ Inter-Vlan Routing with Multilayer Switch နဲ႔ပတ္သက္တဲ့ Process အေသးေလးတစ္ကြက္ေလာက္ကို ကၽြန္ေတာ္ Message တစ္ခုေလာက္ေပးခ်င္ပါတယ္။ ကၽြန္ေတာ့္ရဲ့ Knowledge Sharing အတြက္ ကၽြန္ေတာ္ခ်ျပေပးထားတဲ့ Diagram ပုံနဲ႔ ကၽြန္ေတာ္ေျပာျပသြားမယ့္ Step By Step Message ကို တြဲၿပီး ကိုယ္တိုင္လုပ္ၾကည့္ပါလို႔ အရင္ဆုံးတိုက္တြန္းလိုပါတယ္။ သိေနၿပီးသား၊ကၽြမ္းက်င္ၿပီးသား ၊ ဒီထက္ပိုၿပီး ေလ့လာသိရွိၿပီးသား ျဖစ္ေနသူေတြအတြက္ ျပန္လည္ေလ့က်င့္ခန္းလို႔မွတ္ယူရင္း Practical အသစ္ေတြေမၽွာ္လင့္ေနသူေတြအတြက္ကေတာ့ မလုပ္ရေသးတဲ့ Practical LAB လို႔မွတ္ယူေလ့က်င့္ေစခ်င္ပါတယ္။
(1) အထက္မွာေဖာ္ျပေပးထားတဲ့ Diagram ပုံအရ PC1 ဟာ အျခား Network ထဲမွာရွိတဲ့ PC8 (192.168.3.14) ဆီကို သြားခ်င္တဲ့အခါ Network အုပ္စု မတူညီတဲ့အတြက္ IP Packet ကို Gateway ဆီကို ေပးပို႔ရမွာျဖစ္ပါတယ္။ ဒါေၾကာင့္ ၎ IP Packet ကို Ethernet Frame ထဲကိုထည့္ၿပီး Gateway ဆီကို ေပးပို႔ရပါမယ္။
(2) အဲဒီလို Gateway ဆီကို Frame ေပးပို႔ဖို႔အတြက္ PC1 ဟာ သူ႔ရဲ့ ARP Table ကို Lookup ျပဳလုပ္တဲ့အခါ Gateway IP နဲ႔ တြဲထားတဲ့ Router ရဲ့ MAC Address ကို ရရွိမွာျဖစ္ပါတယ္။ ဒီအတိုင္းလုပ္ၾကည့္လိုက္တဲ့အခါ Gateway ဆီကိုေပးပို႔လိုက္တဲ့ Frame ရဲ့ Source-Mac Address ဟာ PC1 ရဲ့ MAC ျဖစ္ၿပီး၊ Destination Mac Address ကေတာ့ Gateway Interface (Vlan2 – SVI) ရဲ့ MAC Address ျဖစ္တာကို ေတြ႕ရပါမယ္။
(3) MLS Router အေနနဲ႔ကေတာ့ သူ႔ဆီကိုဝင္လာတဲ့ Ethernet Frame ဟာ သူ႔ရဲ့ Vlan2–SVI Interface ဆီကိုလာတဲ့ Frame ျဖစ္ေနတဲ့အတြက္ ဒီ Frame ကို သူကိုယ္တိုင္လက္ခံမွာပဲျဖစ္ပါ တယ္။ အဲဒီေနာက္မွာေတာ့….
- Ethernet Frame မွာ Error ပါ/မပါကို FCS Value ကိုၾကည့္ၿပီးစစ္ေဆးလိုက္မယ္
- Frame မွာ Error မရွိဘူးဆိုရင္ေတာ့ De-Encapsulation ျပဳလုပ္ေပးျခင္းျဖင့္ IP Packet ကိုရရွိနိုင္မွာျဖစ္ပါတယ္။
(4) MLS Router ဟာ ရရွိလာတဲ့ Packet ကို Forwarding ျပဳလုပ္ဖို႔အတြက္ Routing Table မွာLookup ျပဳလုပ္ရပါမယ္။ IP Packet ရဲ့ Destination ဟာ 192.168.3.14 ျဖစ္တဲ့အတြက္ Routing Table ထဲမွာ 192.168.3.0/24 Network ကို Connected Route အျဖစ္ ေတြ႕ရမွာ ျဖစ္ပါတယ္။ ဒီ Route ရဲ့ Outgoing Interface ကေတာ့ Vlan3–SVI Interface ျဖစ္ပါတယ္။
ဒီေနရာမွာ သတိျပဳရမယ့္တစ္ခ်က္က IP Packet ကို Outgoing interface Vlan3-SVI ဘက္ကို Forward မျပဳလုပ္ခင္ IPV4 Header ထဲမွာရွိတဲ့ TTL တန္ဖိုးကို (1) ေလ်ာ့ဖို႔ပါပဲ။ သိပ္ပိုင္နိုင္မႈမရွိတဲ့သူေတြနဲ႔ အရမ္းေလာတတ္တဲ့သူေတြဆိုရင္ တစ္ခါတစ္ရံ LAB လုပ္ရင္းနဲ႔ ေဇာကပ္ၿပီး ေမ့တတ္တဲ့ အခ်က္လည္းျဖစ္ပါတယ္။ IPV4 Header တန္ဖိုးေျပာင္းသြားတဲ့အတြက္ IPV4 Header Checksum တန္ဖိုးကို ျပန္တြက္ေပးရမွာျဖစ္ပါတယ္။ အေရးႀကီးပါတယ္။
(5) အဲဒီေနာက္မွာေတာ့ MLS Router ဟာ IP Packet ကို Ethernet Frame အေနျဖင့္ Header & Trailer အသစ္တပ္ၿပီး Encapsulate ျပဳလုပ္သြားရမွာျဖစ္ပါတယ္။ ဒီအဆင့္မွာလည္း သတိထားရမွာက Trailer ထဲမွာ FCS Value အသစ္တြက္ၿပီး ထည့္ေပးရမွာျဖစ္ပါတယ္။ ဒါေၾကာင့္ ျပန္ၾကည့္မယ္ဆိုရင္ Ethernet Frame Header မွာ Source MAC Address ဟာ Outgoing Interface Vlan3–SVI ရဲ့ MAC Address ျဖစ္ၿပီး၊ Destination MAC Address ကေတာ့ 192.168.3.14 ရဲ့ MAC Address ျဖစ္ပါတယ္။
(6) PC8 (192.168.3.14) ရဲ့ MAC Address ကို Router က သူ႔ရဲ့ ARP Table ထဲမွာ Lookup လုပ္ျခင္းနဲ႔ရရွိမွာျဖစ္ပါတယ္။
(7) Ethernet Frame ကို ဒီလို အဆင့္ဆင့္ အမွားအယြင္းမရွိေအာင္ Step By Step ထုပ္ပိုးၿပီး Frame Forward ျပဳလုပ္နိုင္မွာပဲျဖစ္ပါတယ္။ ဒီလို Frame Forward ျပဳလုပ္ဖို႔အတြက္လည္း MAC Address Table ထဲမွာ Lookup ျပဳလုပ္တဲ့အခါ PC8 ရဲ့ MAC Address 0007.E911.11B4 ဟာ Vlan 13 ထဲမွာရွိၿပီးေတာ့ Outgoing Interface ဟာ G0/32 ျဖစ္တဲ့အတြက္ေၾကာင့္ Frame ကို အဲဒီ Interface မွတဆင့္ Forward ျပဳလုပ္သြားမွာျဖစ္ပါတယ္။
(8) ဒီလိုလုပ္ေဆာင္ျခင္းေၾကာင့္ PC8 ဟာ MLS Router ကတဆင့္ေပးပို႔လိုက္တဲ့ Frame ကို De-encapsulation ျပဳလုပ္လိုက္တဲ့အခါ PC1 က ေပးပို႔တဲ့ IP Packet ကို ရရွိနိုင္ၿပီျဖစ္ပါတယ္။
ယခုအထက္မွာ ေျပာျပခဲ့တဲ့ လုပ္ေဆာင္ပုံအဆင့္ဆင့္ဟာ Multilayer Switch တစ္လုံးရဲ့ IP Packet Forwarding Process ကို ေယဘုယ်သေဘာေလာက္သာ ေလ့လာၾကည့္ျခင္းျဖစ္ပါတယ္။
ယခု ေျပာျပခဲ့ေသာ IP Packet Forwarding Process ကို Multilayer Switch ေတြမွာ ျပဳလုပ္ဖို႔ရာအတြက္ Routing Table နဲ႔ IP Packet ကို Ethernet Frame တြင္ Encapsulate ျပဳလုပ္ ရန္အတြက္ ARP Table တို႔လိုအပ္မွာျဖစ္ၿပီး Frame Forward ျပဳလုပ္ ရန္အတြက္ MAC Address Table လိုအပ္မွာျဖစ္ပါတယ္။
ယခုေနာက္ပိုင္း Cisco ကထုတ္လုပ္တဲ့ Multilayer Switch ေတြမွာေတာ့ ဒီအဆင့္ဆင့္ေတြကို ဒီထက္ပိုၿပီး ျမန္ျမန္ဆန္ဆန္ ျပဳလုပ္နိုင္ေစဖို႔အတြက္ Cisco Express Forwarding (CEF) Method ကို အသုံးျပဳလာၾကၿပီျဖစ္ပါတယ္။ ေနာက္ပိုင္း အလ်ဥ္းသင့္ရင္ေတာ့ Cisco Express Forwarding အေၾကာင္းကိုလည္း ခုလိုပဲ အခ်ိန္တစ္ခုေပးၿပီး သီးသန႔္ေဆာင္းပါးေရးကာ Knowledge Sharing လုပ္ေပးပါအုံးမယ္……….။

Best Regards,
Aung Cho Htwe

----------------------------------------------------------------------------

Unicode Version
Inter-Vlan Routing with Multilayer Switch နှင့်ပတ်သက်၍……..
တစ်နေ့မှာ (၄၈) နာရီရှိရင် ကောင်းမယ်လို့ အမြဲညည်းနေမိတဲ့ကျွန်တော့်အတွက် အရှားပါးဆုံးက အချိန်တွေပါပဲ….။ ခုနောက်ပိုင်း မီးအားတွေကလည်းနည်း မီးတွေလည်း (ခဏခဏလာနဲ့) :D အကြောင်းအရာတစ်ခုကို အချိန်ပေးပြီးစမ်းတိုင်း ပုံမှန်ပေးသင့်တဲ့အချိန်ထက် ရှားပါးလွန်းတဲ့ အချိန်တွေထဲက ထပ်ပြီးပဲ့ပဲ့ပါသွားတာများလာတယ်…။ မှန်းထားတဲ့အတိုင်း ခရီးမပေါက်တာတွေကများလားတယ်။
အလုပ်မအားတဲ့ကျွန်တော့်ဆီက ကျွန်တော့်တပည့်တွေ ညီငယ်လေးတွေ မျှော်လင့်နေကြတဲ့ နည်းပညာနဲ့ပတ်သက်ပြီး တောင်းဆိုထားကြတဲ့အတိုင်း အားလုံးအတွက် အချိန်ကုန်သက်သာပြီး အကျိုးရှိစေမယ့် Message တစ်ခုခုကို အကြောင်းအရာ သေးသေးကြီးကြီးပေါ့…. Knowledge Sharing အဖြစ်ပေးနိုင်ဖို့ ကျွန်တော်ခေါင်းထဲအမြဲထည့်ထားပါတယ်။
ဒါပေမယ့် စိတ်သွားတိုင်းကိုယ်မပါနိုင်တဲ့အတွက် ကျွန်တော်ကိုယ်ကျွန်တော် မချင့်မရဲ ဖြစ်ရသလို အားလုံးကိုလည်း အားနာရပါတယ်။ တစ်နေ့မှာ (၄၈) နာရီဖြစ်ရင်ကောင်းမယ်လို့ ရေရွတ် တောင့်တနေမိတိုင်း ကျွန်တော်သိသမျှကို အရှိအတိုင်းဝေမျှချင်လျက်နဲ့ ချပြဖို့မအားနိုင်တာကို အလိုမကျဖြစ်ခဲ့ရတယ်။ ဒီနေ့တော့ ဖြစ်ချင်ရာဖြစ်စေတော့ ကျန်တာတွေအကုန်ဘေးချ၊ ၇တဲ့အချိန်ထဲက အတွေးတစ်စကိုဖဲ့ထုတ်ပြီး ကျွန်တော့်ညီလေးတွေ အတွက် ကျွန်တော် Message တစ်ခုခုပေးနိုင်ဖို့ အားထုတ်ဖြစ်ခဲ့တယ်ဗျာ။
လတ်တလောမှာတော့ ကျွန်တော့်ခေါင်းထဲပေါ်လာတဲ့ Inter-Vlan Routing with Multilayer Switch နဲ့ပတ်သက်တဲ့ Process အသေးလေးတစ်ကွက်လောက်ကို ကျွန်တော် Message တစ်ခုလောက်ပေးချင်ပါတယ်။ ကျွန်တော့်ရဲ့ Knowledge Sharing အတွက် ကျွန်တော်ချပြပေးထားတဲ့ Diagram ပုံနဲ့ ကျွန်တော်ပြောပြသွားမယ့် Step By Step Message ကို တွဲပြီး ကိုယ်တိုင်လုပ်ကြည့်ပါလို့ အရင်ဆုံးတိုက်တွန်းလိုပါတယ်။ သိနေပြီးသား၊ကျွမ်းကျင်ပြီးသား ၊ ဒီထက်ပိုပြီး လေ့လာသိရှိပြီးသား ဖြစ်နေသူတွေအတွက် ပြန်လည်လေ့ကျင့်ခန်းလို့မှတ်ယူရင်း Practical အသစ်တွေမျှော်လင့်နေသူတွေအတွက်ကတော့ မလုပ်ရသေးတဲ့ Practical LAB လို့မှတ်ယူလေ့ကျင့်စေချင်ပါတယ်။
(1) အထက်မှာဖော်ပြပေးထားတဲ့ Diagram ပုံအရ PC1 ဟာ အခြား Network ထဲမှာရှိတဲ့ PC8 (192.168.3.14) ဆီကို သွားချင်တဲ့အခါ Network အုပ်စု မတူညီတဲ့အတွက် IP Packet ကို Gateway ဆီကို ပေးပို့ရမှာဖြစ်ပါတယ်။ ဒါကြောင့် ၎င်း IP Packet ကို Ethernet Frame ထဲကိုထည့်ပြီး Gateway ဆီကို ပေးပို့ရပါမယ်။
(2) အဲဒီလို Gateway ဆီကို Frame ပေးပို့ဖို့အတွက် PC1 ဟာ သူ့ရဲ့ ARP Table ကို Lookup ပြုလုပ်တဲ့အခါ Gateway IP နဲ့ တွဲထားတဲ့ Router ရဲ့ MAC Address ကို ရရှိမှာဖြစ်ပါတယ်။ ဒီအတိုင်းလုပ်ကြည့်လိုက်တဲ့အခါ Gateway ဆီကိုပေးပို့လိုက်တဲ့ Frame ရဲ့ Source-Mac Address ဟာ PC1 ရဲ့ MAC ဖြစ်ပြီး၊ Destination Mac Address ကတော့ Gateway Interface (Vlan2 – SVI) ရဲ့ MAC Address ဖြစ်တာကို တွေ့ရပါမယ်။
(3) MLS Router အနေနဲ့ကတော့ သူ့ဆီကိုဝင်လာတဲ့ Ethernet Frame ဟာ သူ့ရဲ့ Vlan2–SVI Interface ဆီကိုလာတဲ့ Frame ဖြစ်နေတဲ့အတွက် ဒီ Frame ကို သူကိုယ်တိုင်လက်ခံမှာပဲဖြစ်ပါ တယ်။ အဲဒီနောက်မှာတော့….
- Ethernet Frame မှာ Error ပါ/မပါကို FCS Value ကိုကြည့်ပြီးစစ်ဆေးလိုက်မယ်
- Frame မှာ Error မရှိဘူးဆိုရင်တော့ De-Encapsulation ပြုလုပ်ပေးခြင်းဖြင့် IP Packet ကိုရရှိနိုင်မှာဖြစ်ပါတယ်။
(4) MLS Router ဟာ ရရှိလာတဲ့ Packet ကို Forwarding ပြုလုပ်ဖို့အတွက် Routing Table မှာLookup ပြုလုပ်ရပါမယ်။ IP Packet ရဲ့ Destination ဟာ 192.168.3.14 ဖြစ်တဲ့အတွက် Routing Table ထဲမှာ 192.168.3.0/24 Network ကို Connected Route အဖြစ် တွေ့ရမှာ ဖြစ်ပါတယ်။ ဒီ Route ရဲ့ Outgoing Interface ကတော့ Vlan3–SVI Interface ဖြစ်ပါတယ်။
ဒီနေရာမှာ သတိပြုရမယ့်တစ်ချက်က IP Packet ကို Outgoing interface Vlan3-SVI ဘက်ကို Forward မပြုလုပ်ခင် IPV4 Header ထဲမှာရှိတဲ့ TTL တန်ဖိုးကို (1) လျော့ဖို့ပါပဲ။ သိပ်ပိုင်နိုင်မှုမရှိတဲ့သူတွေနဲ့ အရမ်းလောတတ်တဲ့သူတွေဆိုရင် တစ်ခါတစ်ရံ LAB လုပ်ရင်းနဲ့ ဇောကပ်ပြီး မေ့တတ်တဲ့ အချက်လည်းဖြစ်ပါတယ်။ IPV4 Header တန်ဖိုးပြောင်းသွားတဲ့အတွက် IPV4 Header Checksum တန်ဖိုးကို ပြန်တွက်ပေးရမှာဖြစ်ပါတယ်။ အရေးကြီးပါတယ်။
(5) အဲဒီနောက်မှာတော့ MLS Router ဟာ IP Packet ကို Ethernet Frame အနေဖြင့် Header & Trailer အသစ်တပ်ပြီး Encapsulate ပြုလုပ်သွားရမှာဖြစ်ပါတယ်။ ဒီအဆင့်မှာလည်း သတိထားရမှာက Trailer ထဲမှာ FCS Value အသစ်တွက်ပြီး ထည့်ပေးရမှာဖြစ်ပါတယ်။ ဒါကြောင့် ပြန်ကြည့်မယ်ဆိုရင် Ethernet Frame Header မှာ Source MAC Address ဟာ Outgoing Interface Vlan3–SVI ရဲ့ MAC Address ဖြစ်ပြီး၊ Destination MAC Address ကတော့ 192.168.3.14 ရဲ့ MAC Address ဖြစ်ပါတယ်။
(6) PC8 (192.168.3.14) ရဲ့ MAC Address ကို Router က သူ့ရဲ့ ARP Table ထဲမှာ Lookup လုပ်ခြင်းနဲ့ရရှိမှာဖြစ်ပါတယ်။
(7) Ethernet Frame ကို ဒီလို အဆင့်ဆင့် အမှားအယွင်းမရှိအောင် Step By Step ထုပ်ပိုးပြီး Frame Forward ပြုလုပ်နိုင်မှာပဲဖြစ်ပါတယ်။ ဒီလို Frame Forward ပြုလုပ်ဖို့အတွက်လည်း MAC Address Table ထဲမှာ Lookup ပြုလုပ်တဲ့အခါ PC8 ရဲ့ MAC Address 0007.E911.11B4 ဟာ Vlan 13 ထဲမှာရှိပြီးတော့ Outgoing Interface ဟာ G0/32 ဖြစ်တဲ့အတွက်ကြောင့် Frame ကို အဲဒီ Interface မှတဆင့် Forward ပြုလုပ်သွားမှာဖြစ်ပါတယ်။
(8) ဒီလိုလုပ်ဆောင်ခြင်းကြောင့် PC8 ဟာ MLS Router ကတဆင့်ပေးပို့လိုက်တဲ့ Frame ကို De-encapsulation ပြုလုပ်လိုက်တဲ့အခါ PC1 က ပေးပို့တဲ့ IP Packet ကို ရရှိနိုင်ပြီဖြစ်ပါတယ်။
ယခုအထက်မှာ ပြောပြခဲ့တဲ့ လုပ်ဆောင်ပုံအဆင့်ဆင့်ဟာ Multilayer Switch တစ်လုံးရဲ့ IP Packet Forwarding Process ကို ယေဘုယျသဘောလောက်သာ လေ့လာကြည့်ခြင်းဖြစ်ပါတယ်။
ယခု ပြောပြခဲ့သော IP Packet Forwarding Process ကို Multilayer Switch တွေမှာ ပြုလုပ်ဖို့ရာအတွက် Routing Table နဲ့ IP Packet ကို Ethernet Frame တွင် Encapsulate ပြုလုပ် ရန်အတွက် ARP Table တို့လိုအပ်မှာဖြစ်ပြီး Frame Forward ပြုလုပ် ရန်အတွက် MAC Address Table လိုအပ်မှာဖြစ်ပါတယ်။
ယခုနောက်ပိုင်း Cisco ကထုတ်လုပ်တဲ့ Multilayer Switch တွေမှာတော့ ဒီအဆင့်ဆင့်တွေကို ဒီထက်ပိုပြီး မြန်မြန်ဆန်ဆန် ပြုလုပ်နိုင်စေဖို့အတွက် Cisco Express Forwarding (CEF) Method ကို အသုံးပြုလာကြပြီဖြစ်ပါတယ်။ နောက်ပိုင်း အလျဉ်းသင့်ရင်တော့ Cisco Express Forwarding အကြောင်းကိုလည်း ခုလိုပဲ အချိန်တစ်ခုပေးပြီး သီးသန့်ဆောင်းပါးရေးကာ Knowledge Sharing လုပ်ပေးပါအုံးမယ်……….

Best Regards,
Aung Cho Htwe








Comments

Popular Posts

Cisco ASA Firewall Configuration (Part-2)

Cisco ASA Firewall Configuration (Part-2)     OSPFv2 Dynamic IP Routing on the Cisco ASA Firewall ကဲဒီေန႔ေတာ့ ASA Firewall နဲ႔ OSPFv2 တြဲစမ္းၾကတာေပါ့ .... အေပၚကပုံမွာျပထားတဲ့  OSPF Configuration Commands ေတြအတိုင္း လက္ေတြ႕လုပ္ႏွိုင္ၿပီျဖစ္ပါတယ္။ Cisco ASA Firewall နဲ႔ OSPF Routing Protocol အေျခခံအနည္းငယ္ေတာ႔သိထားရမွာျဖစ္ပါတယ္။ ospfv2 verification commands for cisco asa firewall ASA1# show interface ip brief ASA1# show route ASA1# show ospf interface ASA1# s how ospf neighbor ASA1# show ospf database Supported Routing Protocols for ASA Firewall Dynamic IP Routing •Enhanced Interior Gateway Routing Protocol (EIGRP) Enhanced Interior Gateway Routing Protocol (EIGRP) is an advanced distance-vector routing protocol that is used on a computer network to help automate routing decisions and configuration. The protocol was designed by Cisco Systems as a proprietary protocol, available only on Cisco routers. Partial functionality of EIGRP was...

Cisco ASA Firewall Configuration (Part-1)

Cisco ASA Firewall Configuration (Part-1) ASA Firewall Interface Security Levels and Interface Configuration ASA Firewall တြင္ security level ဆိုသည္မွာ Firewall ၏ interface မ်ားတြင္ သတ္မွတ္ေပးထားနိုင္သည့္ ယုံၾကည္စိတ္ခ်ရမႈ (trusted value) တန္ဖိုးမ်ားပင္ ျဖစ္သည္။ သတ္မွတ္ေပးနိုင္ေသာ တန္ဖိုးမွာ 0 မွ 100 အထိျဖစ္သည္။ Firewall ၏ interface တစ္ခုသည္ network တစ္ခုကိုခ်ိတ္ဆက္ထားရာတြင္ interface တြင္သတ္မွတ္ထားေသာ security level တန္ဖိုးျမင့္ေလေလ ၎ network ကိုပို၍ ယုံၾကည္စိတ္ခ်ရေသာ network တစ္ခုအျဖစ္သတ္မွတ္နိုင္ေလျဖစ္သည္။ ဥပမာ- Internet ခ်ိတ္ထားေသာ ouside network security level = 0 Origanization ၏ private network / Inside network security level = 100 DMZ network security level = 50 ASA Firewall Default Traffic Flow • ASA Firewall တြင္ default အေနျဖင့္ high-security-level မွလာေသာ packet တစ္ခုသည္ lower-security-level interface သို႔ packet forward ျပဳလုပ္ေပးနိုင္သည္။ • ထို႔အျပင္ ASA Firewall သည္ stateful packet filtering function ရေသာေၾကာင့္ forward ျပဳလုပ္လိုက္ေသာ packet တစ္ခု၏ state informatio...